• Home
  • Random Thought

Home

Reviving my blog

Details
Hits: 1090

It was unfortunate that I had to start again from scratch. However, I let myself to learn from it.

"No upgrade without having backup first."

I am trying to retrieve my old posts which of them I keep as notes.

I always choose "Joomla" over "Wordpress" because my learning of Web Content Management System (WCMS) has started with "Joomla".

I did use Wordpress for some of the websites I had developed even though Joomla is my first choice.

Ok, this time I will take more care to do regular back up.

Thank you for your time.

 

 

Instant noodles pack

အသင့်စားခေါက်ဆွဲခြောက်ထုပ်နဲ့ ကျွန်တော့် ဇာတ်လမ်း

Details
Hits: 251

အသင့်စား ခေါက်ဆွဲခြောက်ထုပ် ဆိုတာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ညွှန်းကိန်းဆိုပြီး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဖတ်ခဲ့ဖူးတယ်။ 

နောက်နှစ်တွေ သိပ်မကြာခင် ထိုင်းနိုင်ငံထဲ လေးနှစ် ဝန်းကျင် နေခဲ့ရတယ်။ အဲဒီမှာ ခေါက်ဆွဲခြောက် သဘောတရားကို ပိုသဘောပေါက်လာခဲ့တယ်။ 

တစ်ယောက်တည်း အနေနဲ့ ဝင်ငွေနည်းတဲ့ကာလမှာ ခေါက်ဆွဲခြောက်ထုပ်တွေ အတော်စားဖြစ်ခဲ့ပြီး ဝင်ငွေ နည်းနည်း လုံလောက်ရင်တော့ ခေါက်ဆွဲခြောက် မစားဖြစ်ပါဘူး။ 

ဒါကြောင့် အသင့်စား ခေါက်ဆွဲခြောက်ထုပ်ရောင်းလိုအား များရင် နိုင်ငံရဲ့စီးပွားရေး အကျဖက်ရောက်နေပြီးတော့ ‌ရောင်းလိုအားနည်းရင်တော့ နိုင်ငံရဲ့ စီးပွားရေး တိုးတက်နေတယ်လို့ ဖွင့်ဆိုကြတာပါ။ စီးပွားရေးပညာရှင်တွေရဲ့ ကိန်းဂဏန်းညွှန်းကိန်းသဘော မဟုတ်ဘဲ အရပ်ထဲ၊ ရပ်ကွက်ထဲက ညွှန်းကိန်းလို့ ပြောရမယ် ထင်တယ်။ 

ဒီဖက်ခေတ်မှာ အစားအသောက်နဲ့ ကျန်းမာရေးအတွက် ချင့်ချိန်ပြီး အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေ စားလေ့ မရှိပါဘူး။ ဒါပေမယ့် ဝင်ငွေနဲ့ ထွက်ငွေ မမျှတဲ့ အချိန်မှာတော့ တခြားရွေးချယ်စရာ မရှိပါဘူး။ ခေါက်ဆွဲခြောက်ထုပ်ဖက်ပဲ လှည့်ရတာပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ဝန်းကျင်ထက်တော့ နည်းနည်း ပိုအခြေအနေ ကောင်းတယ် ပြောရမယ်။ အဲ့တုန်းကတော့ ထိုင်းလို "ချောင်ကင် မာမား၊ ယင်ကင် မာမား" လို့ ပြောကြတယ်။ မနက်လည်း မာမားစား၊ ညလည်း မာမားစားပေါ့လေ။ 

အခုတော့ ကိုယ့်ကျန်းမာရေးနဲ့ကို ညစာကို ထမင်းနဲ့ဟင်းကို ရှောင်တဲ့အတွက် နေ့လည်စာကို ခေါက်ဆွဲခြောက်နဲ့ စားရတာပေါ့။ ဟိုးအရင်က ခေါက်ဆွဲခြောက်နှစ်ထုပ် ကြက်ဥတစ်လုံးက တစ်နပ်စာလေ။ အခုတော့ ထမင်းချက်တယ်။ အသင့်စားခေါက်ဆွဲခြောက် တစ်ထုပ်ကို အစာပလာ တစ်ဝက်လောက်ထည့်ပြီး ဟင်း မကျ၊ အရည်သောက်မကျကို ထမင်းနဲ့ ရောပြီး မျှောချရတာပဲ။ 

ကျေးဇူးတော်ကြောင့် နေ့တိုင်းတော့ မဟုတ်ဘူးပေါ့။ ပြောချင်တာက သူ့ရဲ့ ညွှန်းကိန်း ရပ်တည်မှုက ကျွန်တော့် အတွက် မှန်နေတုန်းပါပဲ။ 

ဟိုတစ်ရက် ဈေးသွားရင်း အသင့်စား ခေါက်ဆွဲခြောက်ထုပ် အထုပ်ကြီး တစ်ထုပ်ဝယ်ခဲ့တယ်။ အဲ့တံဆိပ်က မာမား မဟုတ်ဘဲ အသစ်တစ်ခုဖြစ်ပါတယ်။ ခေါက်ဆွဲသားကို ပိုကြိုက်လို့ ဒီဟာလေး ပိုစားဖြစ်ပါတယ်။ 

ကိုယ့်ဟာကို စိတ်အားတင်းချင်တဲ့အခါ ငါက အခု " ချောင်ကင် မာမား၊ ယင်ကင်မာမား" မဟုတ်တော့ဘူး၊ အနည်းဆုံး တံဆိပ်တော့ ပြောင်းသွားပြီဆိုပြီးပေါ့။ 

© Live to Witness 2014 - 2026
Developed by thawng27
Back to top